Please search in this blog whatever you want , Thank you !!!

http://aaronsnotes.com/wp-content/uploads/2012/02/warning-icon.png Warning Toxic Icon | IconsEtc http://b.dryicons.com/images/icon_sets/shine_icon_set/png/128x128/process_warning.png

ခင်မင်စွာဖြင့် မိတ်ဆွေတို့ခင်ဗျာ ကျနော့် Blog ကိုစတင် ပြုပြင်ပြီးပါပြီ။
သုတကမ္ဘာ ကိုမည်သူမဆို လာရောက် လည့်လာဖတ်ရူးနိုင်ပါသည်။
မပြည့်စုံတာလေးတွေရှီပါက နားလည်ပေးကြပါ။ ကျနော်လဲ ဒီထက်မက ပိုပြီး ပြည့်စုံလာအောင် ကြိုးစားနေပါသဖြင့် အားပေးစကားပြောသွားပါသည်။ " သုတကမ္ဘာ "

Dear Reader
My blog is start to posting ever new and always best way, thutakabar is always inviting to all of you and if you are friendly to me please share to your friends and public......Thank you!

Sunday 9 June 2013

Computer ပြုပြင်မူပိုင်ဆိုင်ရာ စာအုပ်များ

စာအုပ်အမည် = ကွန်ပျူတာဆိုင်ရာ တိုလီမုတ်စများ
ရေးသားသူ = မြန်မာမိသားစုဖိုရမ်
ဒီစာအုပ်လေးထဲမှာတော့ ကွန်ပျူတာနဲ့ ပါတ်သက်ပြီး သိသင့်တာတွေ ဗဟုသုတတွေ ပြသနာတွေကို ဖြေရှင်းထားတာတွေ အကုန်ထည့်ပေးထား ပါတယ်။ ကျနော် အရင်က မြန်မာမိသားစုဖိုရမ်မှာ နည်းပညာပိုင်းနဲ့ ပါတ်သက်ပြီး ၀င်ရေးတဲ့ အချိန်တုန်းက ကိုယ်တိုင် မျက်နှာဖုံး ဒီဇိုင်းကိုပါ ဆွဲပေးခဲ့တဲ့ အမှတ်တရ စာအုပ်ပါ။ နောက်ပိုင်းတော့ ၀င်မရေး ဖြစ်တော့ပါဘူး။ ကိုယ့်ဆိုက်မှာလည်း မေးထားတဲ့ မေးခွန်းတွေက များနေတော့ ဖိုရမ်ဖက်ကို မလှည့်ဖြစ်တော့ပါဘူး။

=====================================

စာအုပ်အမည် = ကွန်ပျူတာ ပြုပြင်ရန် စဉ်းစားနိုင်မည့် အချက်များ
ရေးသားသူ =  ကိုစံငြိမ်း

ကွန်ပျူတာတစ်လုံး ပျက်တယ်ဆိုရင် ယေဘူယျအားဖြင့် စဉ်းစားတွေးခေါ်နိုင် မယ့် အချက်တွေကို ရေးသားထားတာပါ။ service ၀ါသနာပါတဲ့ သူများတော့ ဖတ်ထားသင့်ပါတယ်။ အောက်မှာ Download လုပ်လိုက်ပါ။ စာအုပ်တွေကို အုပ်စုအလိုက် ခွဲခွဲပြီး ပြန်တင်ပေးနေပါတယ်။ အဲ့အတွက်ကြောင့် အုပ်စု အလိုက် သူ့ Group၊ သူ့ Group အလိုက် ခွဲထားတာ ဖြစ်တဲ့အတွက် Download လုပ်တဲ့ သူတွေ အနေနဲ့လည်းပဲ ရှာရတာ လွယ်ကူသွားတာပေါ့။ 


===================================== 

စာအုပ်အမည် = ကွန်ပျူတာတစ်လုံးကို ကိုယ်တိုင်တည်ဆောက်ခြင်း
ရေးသားသူ =  မောင်မောင်ကြီး


ကွန်ပျူတာတစ်လုံး မိမိကိုယ်တိုင် ဘယ်လို ရွေးချယ် တည်ဆောက်ကြမလဲ အခြေခံပိုင်း သိထားလို့လိုပါတယ်။ ဒီစာအုပ်ကို ဖတ်ပြီးလေ့လာပါ။ သင်ကိုယ်တိုင် ကွန်ပျူတာတစ်လုံးကို စိတ်ကြိုက် တည်ဆောက်နိုင် လိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အားလုံးကတော့ ကိုယ်တိုင် လေ့လာရမယ် သုံးသပ်ရမယ်။ ဈေးကွက်မှာ ဘယ်ပစ္စည်းတွေက ဘယ်လို ဈေးရှိတယ်။ ဘယ်ပစ္စည်းက အကြမ်းခံတယ် စသဖြင့်ပေါ့။ အဲ့ဒါတွေက မိမိကိုယ်တိုင် လေ့လာရမှာဖြစ်ပါတယ်။ ဒါပေမယ့် တွေးခေါ်ပုံနဲ့ ရွေးချယ်ပုံ ကတော့ အတူတူပါပဲ။ ကဲအောက်မှာ Download လုပ်လိုက်ပါ။
==================================
စာအုပ်အမည် = Virus Protection
ရေးသားသူ =  သန်းထိုက် (ရွှေရိပ်)

Virus များ လေ့လာခြင်းနှင့် ကာကွယ်ခြင်း ဆိုင်ရာများကို ရေးသားထားတဲ့ စာအုပ် တစ်အုပ်ဖြစ်ပါတယ်။ ကွန်ပျူတာတစ်လုံး virus ၀င်လာ မလာ သိရှိနိုင်ရန် virus များရဲ့ တိုက်ခိုက်တဲ့ ပုံစံကို ယေဘူယျအားဖြင့် သိရှိထားရန် လိုအပ်ပါတယ်။ တိုက်ခိုက်ပုံကတော့ အမျိုးမျိုးလာနိုင်ပါတယ်။ ကဲ လေ့လာ ကြည့်လိုက်ပါ။ အောက်မှ တင်ပေးထားပါတယ်။

(2 ခါ ပြန်ပြီး တင်ပေးထား တာပါ။ တစ်ခု မရရင် နောက်တစ်ခုနဲ့ ဒေါင်းလို့ရပါတယ်။)

Zippyshare | Solidfiles | Ziddu | Filecloud | Sharebeast | Tusfiles | Mirrorcreator
 (or)
 Zippyshare | Ziddu | Filecloud | Tusfiles | Mirrorcreator

=====================================

စာအုပ်အမည် = Teach Yourself
ရေးသားသူ =  မောင်ကွန်ပျူတာ

ကွန်ပျူတာ တစ်လုံး တတ်ဆင်အသုံးပြု နိုင်ရန်အတွက် အခြေခံအပိုင်းတွေကို ရှင်းပြထားတဲ့ စာအုပ်တစ်အုပ် ဖြစ်ပါတယ်။ လေ့လာထားသင့်တဲ့ စာအုပ် တစ်အုပ်ပါ။ အချိန်လေး စာအုပ်ဖတ်ဖို့ နည်းနည်းဖဲ့ပေးလိုက်ပါ အကျိုးရှိလာပါလိမ့် မယ်။ ကဲလိုချင်တဲ့သူများ အောက်မှာ Download လုပ်ယူလိုက်ပါ။ အဆင်ပြေ လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

Zippyshare | Solidfiles | Ziddu | Filecloud | Sharebeast | Tusfiles | Mirrorcreator

===================================

စာအုပ်အမည် = CPU နည်းပညာနှင့်ပရိုဆက်ဆာ
ရေးသားသူ =  ဦးတင်ညွန့်

ကွန်ပျူတာ တစ်လုံး၏ အဓိက အရေးပါတဲ့ CPU (central processing unit) အကြောင်း၊ အလုပ်လုပ်ပုံနှင့် တပ်ဆင်ရမည့် socket များ အကြောင်းကို အသေးစိတ် ရှင်းပြထားတဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။ service သမားများ တင်မကပါဘူး။ ကွန်ပျူတာအကြောင်း လေ့လာနေတဲ့သူမှန်သမျှ ဖတ်ထား သင့်ပါတယ်။ လိုချင်ရင်တော့ အောက်မှာ Download လုပ်ယူ လိုက်ပါ။

================================

စာအုပ်အမည် = Beyond A+
ရေးသားသူ =  ဦးဇော်လင်း

ကွန်ပျူတာ တစ်လုံးတွင် ပါဝင်သည့် Hardware များအကြောင်းနှင့် လုပ်ဆောင် ချက်များကို တစ်ခုချင်းစီ ရှင်းပြထားသည့် A+ စာအုပ် ဖြစ်ပါတယ်။ service နဲ့ ပတ်သက်ပြီး လေ့လာနေတဲ့သူများ အနေဖြင့် ဖတ်ထားသင့်တဲ့ စာအုပ်တစ်အုပ် ပါ။ လိုချင်တဲ့သူများ အောက်မှာ Download လုပ်လိုက်ပါ။

===============================

စာအုပ်အမည် = laptop service Guide
ရေးသားသူ = သန်းထိုက် (ရွှေရိပ်)

laptop service ပိုင်းနဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ စာအုပ်လေးတစ်အုပ်ပါ။ desktop နဲ့ပတ်သက်ပြီး လူတိုင်း လွယ်ကူစွာ သိနိုင်သလို၊ စာအုပ်တွေလည်း ပေါပါတယ်။ laptop နဲ့ပတ်သက်ပြီး ပြုပြင်ချင်သူများ လေ့လာ ချင်သူများ အနေဖြင့် အောက်မှာ Download လုပ်လိုက်ပါ။ 

=================================

စာအုပ်အမည် = PC Hardware Maintenance & System Administration
ရေးသားသူ = ဦးဇော်လင်း

ကွန်ပျူတာနဲ့ ပတ်သက်သည့် Hardware ပစ္စည်းများ ထိန်းသိမ်းခြင်း၊ လဲလှယ်ခြင်း၊ ပြုပြင်သည့်အပိုင်းများနှင့် system administration အကြောင်း များကို အသေးစိတ် ရေးသားထားသည့် စာအုပ်ဖြစ်ပါတယ်။ လိုချင်တဲ့ သူများ အောက်မှာ Download လုပ်လိုက်ပါ။

Zippyshare | Solidfiles | Ziddu | Filecloud | Sharebeast  | Mirrorcreator

===================================

No comments:

Post a Comment

{{ ဗဟုသုတ ပြည့်စုံဖို့အတွက် သုတကမ္ဘာ ကိုလာရောက်ကြည့်ရူးဖတ်သွားသူများ ကျွန်တော် အထူး ကျေးဇူးတင်ရှိနေပါတယ်။
ကျနော့် Site တွင် အခက်ခဲများ သို့မဟုတ် လိုတာများရှိခဲပါက အောက်တွင် Comment ချန်ထားခဲပါ ကျနော်အတတ်နိုင်ဆုံး ကူညီပေးပါမယ်။ }}