Please search in this blog whatever you want , Thank you !!!

http://aaronsnotes.com/wp-content/uploads/2012/02/warning-icon.png Warning Toxic Icon | IconsEtc http://b.dryicons.com/images/icon_sets/shine_icon_set/png/128x128/process_warning.png

ခင်မင်စွာဖြင့် မိတ်ဆွေတို့ခင်ဗျာ ကျနော့် Blog ကိုစတင် ပြုပြင်ပြီးပါပြီ။
သုတကမ္ဘာ ကိုမည်သူမဆို လာရောက် လည့်လာဖတ်ရူးနိုင်ပါသည်။
မပြည့်စုံတာလေးတွေရှီပါက နားလည်ပေးကြပါ။ ကျနော်လဲ ဒီထက်မက ပိုပြီး ပြည့်စုံလာအောင် ကြိုးစားနေပါသဖြင့် အားပေးစကားပြောသွားပါသည်။ " သုတကမ္ဘာ "

Dear Reader
My blog is start to posting ever new and always best way, thutakabar is always inviting to all of you and if you are friendly to me please share to your friends and public......Thank you!

Friday 14 June 2013

ရယ်စရာရွှင်စရာ ဟာသစုံလင် အပိုင်း ( ၂ )

“ ပူမနေစမ်းပါနဲ့ ”
*************
ယောက်ျား... ။ မိန်းမရေ....အိမ်သာကျင်းတူးရင် စစ်လက်ကျန်လက်ပစ်ဗုံး သုံးလုံးတွေ့လို့ယောက်ျား
သက်ဆိုင်ရာကိုသွားအပ်လိုက်ဦးမယ်...။
မိန်းမ... ။ သေချာကိုင်သွားဦးနော် ယောက်ျား တစ်လုံးတလေ ထပေါက်လို့ ဒုက္ခများနေဦးမယ်... ။
ယောက်ျား... ။ ပူမနေစမ်းပါနဲ့ မိန်းမရာ တစ်လုံးတလေထပေါက်တော့လည်း နှစ်လုံးပဲတွေ့တယ် ပြောလိုက်မှာပေါ့ ... ။







“ ခွေးမစစ်လို့ ”

************
ပျားရည်ရောင်းသူနှင့် မကြာသေးခင်လေးမှ ပျားရည်ဝယ်သွားသူတို့ စကားအချေအတင်ပြောဆိုလျှက်ရှိသည်.....
ဝယ်သူ... ။ “ ခင်ဗျားရောင်းတဲ့ပျားရည် စစ် မစစ်က ဘယ်လိုသိနိုင်မလဲ... ။”
ရောင်းသူ... ။ “ ဒါလား လွယ်ပါတယ်ဗျာ ခင်ဗျားဝယ်သွားတဲ့ပျားရည်ကို ခွေးရှေ့မှာချကြည့်လိုက် ပျားရည်
စစ်ရင်ခွေးကမလျှက်ဘူး....။”
ဝယ်သူ... ။ “ ဒါဆိုရင်တော့ တယ်မဟန်တဲ့ပျားရည်ပါလား ကျုပ်ခွေးရှေ့မှာ ချကြည့်ပြီးပြီ ကောင်းကောင်း
ကြီးလျှက်နေတယ်ဗျ ... ။”
ရောင်းသူ... ။ “ မဖြစ်နိုင်တာဗျာ ကျုပ်ပျားရည်မစစ်တာတော့မဖြစ်နိုင်ဘူး ဖြစ်ချင်းဖြစ် ခင်ဗျားခွေးက ခွေး
မစစ်တာဘဲ ဖြစ်ရမယ်... ။”





“ ပိုင်လိုက်တဲ့အကြံ ”
****************
အလွန်ကပ်စေးနဲသော ဒေါ်လှက ခင်ပွန်းသည် ဦးမြကို ရွှေကိုင်းမျက်မှန်တစ်လက် ဆင်ပေးသဖြင့် ရပ်ကွက်
အတွင်းရှိ လူငယ်တချို့ အံ့သြစူးစမ်းကြသည်....
လူငယ်... ။ “ ဦးလေးမြ မျက်မှန်က ကောင်းလှချည်လား အန်တီလှ ဒီလောက်ကပ်စေးနှဲတာ
ဘယ်လိုများ စည်းရုံးလိုက်တာတုန်းဗျ ... ။”
ဦးမြ... ။ “ ဒါက မခတ်ပါဘူးကွာ...။ ”
လူငယ်... ။ “ သက်ကြီးစကား သက်ငယ်ကြားပါရစေဦးဗျ... ။ ”
ဦးမြ... ။ “ ဒီလိုပါကွာ အိမ်လာလည်တဲ့ သူ့ သူငယ်ချင်းသမီးလေးကို ငါက “ ဟဲ့... မယ်လှ ငါ့အတွက်
ထမင်းခူး ” ဆိုပြီး ပခုံးပုတ်ပြောလိုက်တာ ဟော... ချက်ချင်းမျက်မှန်လုပ်ပေးပါလေရော... ။”





“ ကင်မရာမဝယ်နိုင်သေးလို့ ”

**********************
သား... ။ “ ဖေဖေ ဟိုလူကြီးက ကမ်းစပ်မှာထိုင်ပြီး ဘာဖြစ်လို့ ရှုမျှော်ခင်းပုံတွေ ဆွဲနေတာလဲဟင်... ။”
ဖေဖေ... ။ “ ကင်မရာ မဝယ်နိုင်သေးလို့ နေမှာပေါ့ သားရယ်... ။ ”





“ ထောက်ခံစာ ”

************
ဂျွန်သည် သင်္ချာအလွန်ညံ့သော ကျောင်းသားတစ်ဦးဖြစ်သည် ဆရာက သင်္ချာစွမ်းရည်တိုးတက်လာစေရန်
ဂျွန်ကိုပုစ္ဆာများဖိ၍ တွက်စေသည် ဂျွန်ကလေးကလည်း ပုစ္ဆာတွက်တိုင်း မှားမြဲမှားနေရာ...
ဆရာ... ။ “ ဟေ့ ဂျွန်ရေ... မင်းသင်္ချာတွက်တိုင်း မှားနေတယ်ကွာ ငါကမင်း အမှားတွေများ သင်နေလို့လားကွာ... ။ ”
ဂျွန်... ။ “ မဟုတ်ပါဘူးဆရာ ... ။ ”
ဆရာ... ။ “ ဒါဆိုရင် ဆရာဖြစ်ဖြစ် မင်းဖြစ်ဖြစ် တစ်ယောက်ယောက်တော့ ရူးနေလို့ဖြစ်မှာပါပဲကွာ... ။ ”
နောက်တစ်နေ့ရောက်သော် ဂျွန်သည် တက်ကြွသောဟန်ဖြင့် ဆရာထံ စာရွက်တစ်ရွက်ယူလာလေသည်....
ဆရာ... ။ “ ဟေ... ဂျွန် ဒါက ဘာစာရွက်ကြီးတုန်းဟ... ။”
ဂျွန်... ။ “ ကျွန်တော်မရူးကြောင်း ထောက်ခံစာပါဆရာ...။”
ဆရာ... ။ “ ဟေ....................။”





“ ပြန်လဲခိုင်းလို့ ”

**************
တစ်ခါက ရွာသူကြီးတစ်ဦးသည် ရွာအတွင်းရှိ အိမ်ထောင်သည် ယောက်ျားများကို မိန်းမ မကြောက်သူနှင့် မိန်းမ
ကြောက်သူ ခွဲခြားစိစစ်ရာ မိန်းမ မကြောက်သူ အရည်အချင်းနှင့်ကိုက်ညီသူဆို၍ မောင်စံတင် တစ်ယောက်သာ
ဆံကာတင်ကျန်ရစ်လေသည် ။ သူကြီးလဲနှစ်ထောင်းအားရရှိလှသဖြင့် မောင်စံတင်အား ဆုအဖြစ် မြင်းညိုကြီးတစ်ကောင်
ချီးမြှင့်လိုက်လေသည် ။ အတန်ငယ်ကြာသော် မောင်စံတင် တစ်ရောက်ကုပ်ကုပ်ကုပ်ကုပ်နှင့်မြင်းညိုကြီးဆွဲ
ပြန်ရောက်လာ၍ ဘာအကြောင်းလဲဟု သူကြီးကမေးရာ မောင်စံတင်က....
“ သူကြီး.... ကျွန်တော်မိန်းမက အုန်းခွံရောင်မြင်းနဲ့  ပြန်လဲခိုင်းလိုက်လို့ပါ ခင်ဗျာ့ ....”






“ ညဘက်လွှတ်မှာပေါ့ကွ ”

********************
အမေရိကန်တစ်ယောက်နှင့် အိုင်းရစ်တစ်ရောက်တို့ အကြွားသန်လျှက်ရှိသည် .....
အမေရိကန်... ။ “ တိုလူမျိုးက ပိုစွမ်းတယ်ကွ လကမ္ဘာကိုတောင် လူလွှတ်ပြီးပြီ...။ ”
အိုင်းရစ်... ။ “ အောင်မယ် လကမ္ဘာကို လူလွှတ်တာက ဘာဟုတ်သေးလို့လဲကွာ တိုလူမျိုးက
နေမင်းကြီးပေါ်တောင် လူလွှတ်တော့မှာကွ...။”
အမေရိကန်... ။“ ဟေ့ဟေ့... မဖြစ်နိုင်တာတော့မပြောနဲ့ကွ မင်းတို့လွှတ်လိုက်တဲ့ကောင် နေမင်းကြီး
ဆီမရောက်ခင် အရည်ပျော်သွားမှာပေါ့ ...။”
အိုင်းရစ်... ။ “ အောင်မယ် ဘာလို့မဖြစ်နိုင်ရမှာလဲ သူ့ကို ညဘက်လွှတ်လိုက်မှာပေါ့ကွ...။”





“ ဘာလို့တက်လာသေးလဲ ”

*********************
သာအဖနှစ်ဦး မြို့အစွန်က တောင်ထွတ်လေးပေါ်တက်လာကြသည် နှစ်ဦးသား မောမောပန်းပန်းနှင့် ချွေးသံရွှဲရွှဲဖြစ်
နေသည် ။ တောင်ထိပ်သို့ရောက်သောအခါ ဖခင်ဖြစ်သူက တောင်အောက်မြို့လေးဆီ ညွှန်ပြလျှက်...
“ သားရေ...ကြည့်စမ်းကွာ တောင်အောက်ကို ဘယ်လောက်လှတဲ့ ရှုခင်းလဲလို့ ”
ဒီတွင်သားဖြစ်သူကပြန်ပြောလိုက်သည်မှာ...
“ ဖေဖေရယ်.... တောက်အောက်မှာ ဒီလောက်လှနေရင်လည်း ဘာလို့တောင်ပေါ်တက်သေးလဲဗျာ
ဟူးးးးးးးးး မောကမောနဲ့ ”






“ မျက်မှန်ကျန်ခဲ့လို့ ”
****************
“ ခင်ဗျားကြည့်ရတာ မုဆိုးသက် တော်တော်ရင့်နေပြီထင်တယ်... ။ ”
မုဆိုးကြီးနဲ့အတူပါလာသောလေ့လာသူ မြို့သားက ပြောလိုက်သည်..
“ ဘာလို့လဲဗျ...။”
“ ဒီနေ့တစ်နေ့လုံး ခြင်္သေ့တွေ ကျားတွေချည်းပဲ လိုက်ပစ်နေတယ်လေဗျာ...။”
“ သြော်.......ဒါလား ထွက်လာတုန်းကတော့ စာကလေး ငှက်ကလေးဖမ်းမလို့ပါပဲ တောထဲလဲဝင်ရော
မျက်မှန်သစ်ကိုင်းနဲ့ငြိကျန်ခဲ့လို့ ဗျို့....။”





“ ပီသရှင်းလင်းအောင်ရေး ”
*********************
ကျောင်းသားလေးတစ်ဦးသည် ၄င်း၏ အိမ်စာလေ့ကျင့်ခန်း စာအုပ်ကို ကိုင်လျှက် ဆရာမအနီးသို့
မဝံ့မရဲတိုးကပ်သွားသည်....။
ကျောင်းသား...။ “ ဆ....ဆရာမ သားစာစီစာကုံးအောက်က မှတ်ချက်က ဆရာမဘာရေး ထားတာလဲဟင်...။”
ဆရာမ... ။ “ သြော်.... လက်ရေးကို ပီသရှင်းလင်းအောင်ရေးပါလို့ ဆရာမ ရေးထားတာလေ...။”
................တိန်...................

No comments:

Post a Comment

{{ ဗဟုသုတ ပြည့်စုံဖို့အတွက် သုတကမ္ဘာ ကိုလာရောက်ကြည့်ရူးဖတ်သွားသူများ ကျွန်တော် အထူး ကျေးဇူးတင်ရှိနေပါတယ်။
ကျနော့် Site တွင် အခက်ခဲများ သို့မဟုတ် လိုတာများရှိခဲပါက အောက်တွင် Comment ချန်ထားခဲပါ ကျနော်အတတ်နိုင်ဆုံး ကူညီပေးပါမယ်။ }}