( အနီးအဝေး )
လေဟုန်စီးတဲ့ ငှက်ပါ
တောင်ပံနှစ်ဖက်စွမ်းအားနဲ့
လေသရမ်းရှီရာဆီ ကျော်ဖြတ်ဖို့
ကံဇာတ်ဆရာက စေခိုင်းလိုက်ပါပြီ။
အသက်တစ်ထွာ ကိစ္စ
လောကထဲ ရှင်မြဲနေထိုင်စေဖို့
ဇွဲဆိုတဲ သတ္တိကို
ပကတိတရားပြယုဂ်ထဲ နစ်မြုပ်ပစ်ထားနိုင်တယ်။
အရှီန်ရပြးသားတွန်းအားပါ
ဘယ်နတ်ဘုရား အကူပါနေတာမဟုတ်သလို
ဒိလိုလူအကြံတစ်ဆုပ်စာကလေးက
ရုပ်လုံးတစ်ခု ဖေါ်ကျူးပေးနိုင်ခဲ့တယ်။
မစားဖူးတော့ အရူးတဲ့လား...
ထူးထူးကဲကဲ ရှိရင်းစွဲအရသာ
လိပ်ပြာတစ်ကောင်က ပန်းအကြောင်းသိမယ်
သူတောင်းစား တစ်ယောက်က ဘ၀အကြောင်းသိတယ်။
ဒါပါပဲလေ...။
အမြင်ချင်း မတူနိုင်တာကတော့
ကြည့်သူရဲ့ အနီးအဝေးပေါ်မှာ မူတည်ပါလိမ့်မယ်။


Myanmar Kyat Converter
No comments:
Post a Comment
{{ ဗဟုသုတ ပြည့်စုံဖို့အတွက် သုတကမ္ဘာ ကိုလာရောက်ကြည့်ရူးဖတ်သွားသူများ ကျွန်တော် အထူး ကျေးဇူးတင်ရှိနေပါတယ်။
ကျနော့် Site တွင် အခက်ခဲများ သို့မဟုတ် လိုတာများရှိခဲပါက အောက်တွင် Comment ချန်ထားခဲပါ ကျနော်အတတ်နိုင်ဆုံး ကူညီပေးပါမယ်။ }}