( ယုံကြည်ရာ ရှေ့ရူ၍ )
မိုးမလင်းသေးတဲ့ အမှောင်ညထဲမှာ
လှောင်ပိတ်ခံဘ၀ ရောက်နေရပေမယ့်
လက်မြှောက်အရှုံးပေးဖို့ဆိုတာ
ငါ့ဇာတာခွင်မှာ မရှိ။
ငါ့အသိ ငါ့အာရုံမှာ
ငါမြတ်နိုးရာ အမှန်တရားတွေ
အစော်ကားခံနေရသရွေ့
သေတစ်နေ့ကို စောင့်စားရင်း
ဒင်းတို့နဲ့ ရင်ဆိုင်
ငါကိုင်ထားတဲ အောင်လံ
ကြွေးကြော်သံနဲ့ လွှင့်ထူမယ်။
( ဒီမိုကရေစီ တိုက်ပွဲဝင် သူငယ်ချင်း ရဲဘော်တစ်ဦးသို့...)
Author: နဂိုခိုင်
No comments:
Post a Comment
{{ ဗဟုသုတ ပြည့်စုံဖို့အတွက် သုတကမ္ဘာ ကိုလာရောက်ကြည့်ရူးဖတ်သွားသူများ ကျွန်တော် အထူး ကျေးဇူးတင်ရှိနေပါတယ်။
ကျနော့် Site တွင် အခက်ခဲများ သို့မဟုတ် လိုတာများရှိခဲပါက အောက်တွင် Comment ချန်ထားခဲပါ ကျနော်အတတ်နိုင်ဆုံး ကူညီပေးပါမယ်။ }}